The Lab ဆိုတာ ဘယ်သူလဲ

The Lab သည် Yever ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်လုပ်ငန်းငယ်များ အောင်မြင်ရှင်သန်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်ကြားသတ်မှတ်ထားသည့် သတ်မှတ်ချက်များဖြင့် အခမဲ့ကူညီပံ့ပိုး‌ပေးခြင်း (pro-bono) နှင့် သတ်မှတ်ထားသည့်နှုန်းထားထက် သက်သာသည့်စျေးနှုန်းဖြင့် ကူညီပံ့ပိုးပေးခြင်း (low-bono) အစရှိသည့် အခြေပြုမူများဖြင့် စီးပွားရေးအကြံပေးများက အထူးစီးပွားရေးအကြံပေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

The Lab ၏ ရည်ရွယ်ချက်သည် လုပ်ငန်းနယ်ပယ်အတွင်း နောက်ကျကျန်လျက်ရှိနေသည့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများကို ကူညီပံ့ပိုးပေးရန်ဖြစ်ပြီး အသေးငယ်ဆုံးသောစီးပွားရေးလုပ်ငန်းများအထိ ၎င်းတို့လိုအပ်သောအကူအညီများကို ပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။

ခိုင်မာပြီး ရည်ရွယ်ချက်ပြည့်ဝသည့် လုပ်ငန်းတစ်ခုဖြစ်သည့် (Purpose-driven company) The Lab သည် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အလေ့အထများအား ရေရှည်တည်တံ့ခိုင်မြဲ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ထားပါသည်။ The Lab သည် မိခင်ကုမ္ပဏီ Yever ကဲ့သို့ပင် စီးပွားရေးမိတ်ဖက် (Client)  များကို တူညီသောအရည်အသွေးမြင့်ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက်ရှိသော်လည်း ကွဲပြားသည့်အချက်မှာ The Lab သည် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက်သာ အကြံပေးဝန်ဆောင်မှုများပေးအပ်ခြင်းဖြစ်သည်။