The Lab အကြောင်း

The Lab သည် စီးပွားရေးကဏ္ဍအမျိုးမျိုးရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အတူတကွ အလုပ်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့၏လိုအပ်ချက်များအပေါ်မူတည်၍ ပံ့ပိုးကူညီပေးလျက်ရှိသည်။

လုပ်ငန်းနယ်ပယ်၊ လုပ်ငန်းကဏ္ဍအပေါ် ကန့်သက်ထားခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအားလုံးအတွက် အံဝင်ခွင်ကျဖြစ်အောင် ဝန်ဆောင်မှုများကို ဖန်တီးထားပါသည်။ The Lab သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများ (startup) ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံဖောင်ဒေးရှင်းများနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေပါသည်။ မြန်မာနိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးကြီးသည့် တာဝန်ယူမှုတာဝန်ခံမှုရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်သောစီးပွားရေးလုပ်ငန်းများ တည်ဆောက်ရေးအပေါ်တွင်ထားရှိသော ကျွန်ုပ်တို့၏စံတန်ဖိုးများနှင့် ကြိုးပမ်းအားထုတ်မှုချင်းထပ်တူညီသော စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်ရန် The Lab အနေဖြင့် အသင့်ရှိနေပါသည်။ အခွင့်အလမ်းအသစ်များကို သင်ယူလေ့လာစူးစမ်းရန်၊ စိန်ခေါ်မှုများကိုရင်ဆိုင်ရန်နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအသီးသီးကို စူးစမ်းလေ့လာရန်အတွက် ခေတ်ရေစီးကြောင်းအသစ်များ ဖော်ထုတ်လေ့လာရန် The Lab အဖွဲ့သားများသည် အစဥ် စိတ်အားထက်သန်လျက်ရှိပါသည်။

The Lab ၏ အောင်မြင်စွာလုပ်ဆောင်ခဲ့သည့်အရာ (case studies) များကို အောက်ပါလင့်ခ်တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Case studies များကို မကြာမှီ ကြည့်ရှုနိုင်ပါတော့မည်….