Yever ၏အချက်အလက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒ

ယခု privacy မူဝါဒသည် Yever ၏ဝက်ဘ်ဆိုဒ်စာမျက်နှာအား အသုံးပြုနေစဉ် လူကြီးမင်းတို့၏ မည်သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကောက်ခံစုဆောင်းထားသည်ကို အသေးစိတ်ဖော်ပြထားသည်။

Yeverကစုစည်းထားမည့်ဒေတာအချက်အလက်များ

Yever အနေဖြင့် အောက်ပါအချက်အလက်များကို ကောက်ခံစုဆောင်းထားမည်ဖြစ်သည်။

  • ကိုယ်ရေးအချက်အလက်များ (အမည်၊ အီးမေးလ်လိပ်စာ)
  • Yever ၏ အတွေးအမြင်စာစောင်များအား Mailchimp မှတဆင့် လက်ခံရယူလိုပါက ပေးပို့ရမည့် ဦးစားပေးဆက်သွယ်မှုကွန်ရက်

လူကြီးမင်းတို့၏‌ဒေတာအချက်အလက်များအားကောက်ခံစုဆောင်းပုံ

Yeverအနေဖြင့်ကောက်ခံသောဒေတာအများစုအားလူကြီးမင်းတို့ထံမှတိုက်ရိုက်ရရှိပါသည်။

လူကြီးမင်းတို့အနေဖြင့် –

  • Yever ၏ အတွေးအမြင်စာစောင်များ လက်ခံရရှိရန် အွန်လိုင်းစနစ်ဖြင့် စာရင်းပေးသွင်းခြင်း
  • လူကြီးမင်းတို့၏ သဘောဆန္ဒအလျောက် ဆက်သွယ်ပေးပို့ရန် အချက်အလက်များ ဖြည့်သွင်းခြင်း
  • လူကြီးမင်းတို့၏ browser’s cookies များအသုံးပြု၍ Yever ၏ဝက်ဘ်ဆိုဒ်အား ဝင်ရောက်ကြည့်ရှုအသုံးပြုခြင်း

Yever အနေဖြင့် လူကြီးမင်းတို့ ပံ့ပိုး‌ပေးသည့် အချက်အလက်များကိုအသုံးပြုပုံ

Yever သည် လူကြီးမင်းတို့၏ ဒေတာအချက်အလက်များကို –

  • Yever ၏ အတွေးအမြင်စာစောင်များအား လူကြီးမင်းတို့ထံ Email မှတဆင့် ပေးပို့ရန်
  • အင်တာနက်မှ စာရင်းပေးသွင်းခြင်းဖြင့် ဆက်သွယ်မေးမြန်းသည်များကို ဖြေကြားပေးနိုင်ရန် စုဆောင်းကောက်ခံခြင်း ဖြစ်ပါသည်။

MailChimp (မေးလ်ချင့်ပ်) အမည်ရှိ ဆော့ဖ်ဝဲ

Yever သည် mail ပေးပို့ခြင်းများအတွက် MailChimp ခေါ် ဆော့ဖ်ဝဲအား အသုံးပြုထားသည်။ Yever ၏ အတွေးအမြင်စာစောင်များ၊ အစီရင်ခံစာများနှင့် ရံဖန်ရံခါ လှုပ်ရှားမှုများအား လက်ခံရရှိရန် email လိပ်စာအား ထည့်သွင်းခြင်းအားဖြင့် လူကြီးမင်းတို့၏အချက်အလက်များကို Mailchimp သို့ လွှဲပြောင်းပေးပြီး ၎င်း၏ Privacy Policy and Terms များနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။ Yever က တောင်းယူထားသည့် လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များကို အထက်ဖော်ပြပါ ရည်ရွယ်ချက်များအား လုပ်ဆောင်ရန် လိုအပ်သည့်အချိန်အတိုင်းအတာတစ်ခုအထိသာ သိမ်းဆည်းထားမည်ဖြစ်သည်။

‌ကိုယ်ရေးဒေတာအချက်အလက်များကို ဖြန့်ဝေခြင်း (ဝါ) ဖော်ပြထားသည့်ရည်ရွယ်ချက်ကို ပြောင်းလဲခြင်း

Yever ကကောက်ယူရရှိသည့် လူကြီးမင်းတို့၏ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်များအား ပြင်ပသို့ ရောင်းချခြင်း၊ ဝေမျှခြင်းများ လုံးဝမပြုလုပ်ပါ။

လူကြီးမင်းတို့၏ ဒေတာအချက်အလက်ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးများ

Yever သည် လူကြီးမင်းတို့၏ ဒေတာအချက်အလက်ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးများကို အပြည့်အဝနားလည်စေရန်တင်ပြလိုသည်။ ကျွနိုပ်တို့၏ဝက်ဘ်ဆိုဒ်ကိုဝင်ရောက်အသုံးပြုသူတိုင်းတွင် အောက်ပါအခွင့်အရေးများ ရှိကြသည်။

  • ကိုယ်ပိုင်အချက်အလက်များရယူခွင့် – Yeverကကောက်ခံထားသည့် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက် များကို မိတ္တူအဖြစ် တောင်းဆိုခွင့်ရှိသည်။ ထိုဝန်ဆောင်မှုအတွက် ကျသင့်ငွေအနည်းငယ်ကောက်ခံမည် ဖြစ်သည်။
  • ပြောင်းလဲပြင်ဆင်ခွင့် – မတိကျမမှန်ကန်သော ကိုယ်ရေးအချက်အလက်များကိုသာမက မပြည့်စုံသော သတင်းအချက်အလက်များကို ပြင်ဆင်ဖြည့်စွက်ရန် ‌ Yever အား တောင်းဆိုခွင့် ရှိသည်။
  • ဖျက်သိမ်းခွင့် – သတ်မှတ်ထားသော အခြေအနေတရပ်တွင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုခွင့် ရှိသည်။
  • လုပ်ဆောင်ချက်ကန့်သတ်ခွင့် – အချို့သောအခြေအနေများတွင် Yever ရှိလူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များအပေါ် အကန့်အသတ်ဖြင့် ဆောင်ရွက်ရန် Yever အား တောင်းဆိုခွင့် ရှိသည်။
  • တားဆီးခွင့် – အချို့သောအခြေအနေများတွင် Yever ရှိ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များအပေါ်  ဆောင်ရွက်ခြင်းကို တားဆီးပိုင်ခွင့် ရှိသည်။
  • ဒေတာအချက်အလက်များလွှဲပြောင်းခွင့် – အချို့သောအခြေအနေများတွင်  ကောက်ယူစုဆောင်းထားသော လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို အခြားအဖွဲ့အစည်း (သို့မဟုတ်) လူကြီးမင်းထံသို့ တိုက်ရိုက် လွှဲပြောင်းပေးရန် Yever အား တောင်းဆိုခွင့် ရှိသည်။

လူကြီးမင်းဘက်မှ တောင်းဆိုမှုပြုလုပ်လိုပါက contact@yever.org သို့ email ပို့၍ ဆက်သွယ်နိုင်ပြီး တစ်လအကြာတွင် အကြောင်းပြန်မည်ဖြစ်ပါသည်။

Cookies (ကွတ်ကီးခေါ်စာစုတွဲ)

cookies သည် လူကြီးမင်း၏ ကွန်ပြူတာရှိ စာစုများပါသည့် ဖိုင်တွဲတစ်ခုဖြစ်သည်။အင်တာနက်ပေါ်ရှိ အချက်အလက်မှတ်တမ်းစံနှုန်းများ နှင့် အင်တာနက်အသုံးပြုသူ၏ အမူအကျင့်ဆိုင်ရာ အချက်အလက်များကို ကောက်ယူစုဆောင်းနိုင်၍ ၎င်းတို့မှတဆင့် အင်တာနက်အသုံးပြုရာတွင် လွယ်ကူထိရောက်စွာ ရှာဖွေနိုင်ရန် ကူညီပေးသည်။ Yever ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသည့်အချိန်တွင် လူကြီးမင်းထံမှအချက်အလက်များကို cookies သို့မဟုတ် အလားတူ နည်းပညာဖြင့် အလိုလျောက် ကောက်ယူစုဆောင်းနိုင်ဖွယ်ရှိပါသည်။

အသေးစိတ်သိရှိလိုပါက allaboutcookies.org သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 Cookie များထိန်းချုပ်ပုံ

လူကြီးမင်းအနေဖြင့် အင်တာနက်မှတဆင့် ရှာဖွေရာတွင်အသုံးပြုသည့် browser ခေါ်စာမျက်နှာတွင် cookies လက်ခံခြင်းမပြုရန် ပြုလုပ်ထားနိုင်သည်။ လူကြီးမင်း၏ browser မှ cookies ဖယ်ရှားလိုပါကအထက်ပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ခြင်း၏ရလဒ်အနေဖြင့် အချို့သောကိစ္စရပ်များတွင် Yever နှင့်အခြားသောဝက်ဘ်ဆိုက်များကိုဝင်ရောက်ကြည့်ရှုရာ၌ သာမန်ကဲ့သို့ လည်ပတ်ဆောင်ရွက်မှုမရှိသည်များ ဖြစ်ပေါ်နိုင်ပါသည်။

အခြားသောဝက်ဘ်ဆိုက်များနှင့်အချက်အလက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒ

Yever ၏ဝက်ဘ်ဆိုက်စာမျက်နှာတွင် အခြားသောဝက်ဘ်ဆိုက် ချိတ်ဆက်မှုများပါဝင်ပါသည်။ Yever ၏ အချက်အလက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒသည် Yever ဝက်ဘ်ဆိုက်အတွက်သာဖြစ်သည်။ အခြားသောဝက်ဘ်ဆိုက်များ၏ မူဝါဒများကိုမူ ချိတ်ဆက်ပေးထားသည့် ၎င်းတို့၏ဝက်ဘ်ဆိုက်များတွင်သာ ဝင်ရောက်ကြည့်ရှုသင့်ကြောင်း အကြံပေးအပ်ပါသည်။

Yever ၏အချက်အလက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒအားပြောင်းလဲပြုပြင်ပုံ

Yever ၏ဝက်ဘ်ဆိုက်စာမျက်နှာရှိမူဝါဒများကို သုံးသပ်ကြည့်ရှုပြုပြင်၍ ပုံမှန်ဆောင်ရွက်ထိန်းသိမ်းလျက်ရှိပါသည်။ ယခုမူဝါဒကို ၂၀ရက်နေ့ ဇွန်လ ၂၀၁၉တွင် ပြုပြင်ခဲ့ပါသည်။

ဆက်သွယ်ရန်

လူကြီးမင်းအနေဖြင့် Yever ၏မူဝါဒများ၊ အချက်အလက်ကောက်ခံမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းလိုပါက contact@yever.org သို့ဆက်သွယ်နိုင်ပါသည်။

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.