Yever မိတ်ဆက်

မြန်မာနိုင်ငံတွင် Yeverကုမ္ပဏီအနေဖြင့် အဘယ်ကြောင့် စီးပွားရေးစတင်လုပ်ကိုင်ခဲ့သလဲ။

မြန်မာပြည်တွင် ကုမ္ပဏီစတင်တည်ထောင်ခဲ့ပုံနှင့် ”Yever” အမည်စတင်ပေါ်ပေါက်လာပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

Yeverသည် clients များမှ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကူညီထောက်ပံ့ပေးရန် Yever ၏ အဖွဲ့ဝင်များကိုယ်တိုင် မှန်ကန်သောမေးခွန်းများဖြင့် ပြန်လည်သုံးသပ်နိုင်ရန် ရည်ရွယ်သည်။ ၎င်းသည်  Yever ၊  ကုမ္ပဏီအဖွဲ့ဝင်များနှင့် clients များအား နေ့စဥ်စနစ်တကျ လည်ပတ်နေစေသောအရာ ဖြစ်သည်။

Yever ကုမ္ပဏီသည် clients များနှင့် စီးပွားဖက်များ၏ ယုံကြည်မှုပေါ်တွင် မှီတည်လျက်ရှိသည်။ ထိုအခြင်းအရာသည် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာတစ်ရပ်ဖြစ်ပြီး Client တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် သီးသန့်ဖန်တီးပေးသည့် ဆန်းသစ်သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ အကောင်းဆုံးသံတမန်များ ဖြစ်ပါသည်။

Yever ၏အဖွဲ့ဝင်များအား အကောင်းဆုံးသောစီးပွားရေးအလေ့အထများဖြင့် ဆောင်ရွက်တတ်စေရန် လေ့ကျင့်ပေးထားသည်ဖြစ်ရာ clients များအတွက်သာမက အဖွဲ့ဝင်များ၏ကိုယ်ပိုင်အနာဂတ်အတွက်ပါ အသုံးဝင်သော ကျွမ်းကျင်မှုများရရှိစေရန် လုပ်ဆောင်လျက်ရှိပါသည်။

Yever အနေဖြင့် ကုမ္ပဏီ၏အကျိုးသက်ဆိုင်သူများအား တန်ဖိုးရှိသော အသိပညာများကို ရရှိနိုင်ရေး၊ ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရေးနှင့် လူမှုတန်ဖိုးများ ပိုမိုတိုးတက်စေရေးတို့အတွက် အချို့သောဝန်ဆောင်မှုများအား အခကြေးငွေမယူပဲ ယုံကြည်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။