Yever သည် စီးပွားရေးအကြံပေးခြင်းများ လုပ်ဆောင်သည့်ကုမ္ပဏီတစ်ခု ဖြစ်သည်

အကြံပေးခြင်းအလုပ်သည် နေ့စဥ်ဘဝတွင် သာမာန်အလေ့အကျင့်တစ်ခုသာ ဖြစ်ပါသည်။သို့သော် အကြံဉာဏ်များ၊ ညွှန်ကြားချက် မတောင်းခံဖူးသူ ရှိမည်မဟုတ်။ “အကြံပေး” ဆိုသည်မှာ အဖွဲ့အစည်း၊ ၎င်း၏လုပ်ငန်းပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ အကြား စေ့စပ်ညှိနှိုင်းပေးသူဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။ အကြံပေးတစ်ယောက်ထံမှ ရှုထောင့်မျိုးစုံမှ ဝေဖန်ထောက်ပြခြင်းများကိုလည်း ရရှိနိုင်သည်။

အကြံပေးတစ်ဦး၏ အခန်းကဏ္ဍသည် ရိုးရှင်းပါသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးတို့အတွက် လက်ရှိစီးပွားရေး အသိုက်အဝန်း၏ အနေအထားကို လေ့လာပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သော အဓိကအချက်များကို ဖော်ထုတ်ပေးခြင်းဖြင့် ကုမ္ပဏီများကို မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးခြင်းသာဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲ၍ တာဝန်ယူမှု၊တာဝန်ခံမှုရှိသော စီးပွားရေးဆိုသည်မှာ မည်သည်နည်း။

စီးပွားရေးလုပ်ငန်းတိုင်း၏ အခြေခံမူသည် အကျိုးအမြတ်ရရှိရန် ဖြစ်သည်။ သို့သော် အချို့သောစီးပွားရေးလုပ်ငန်းများ သည် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ရာ၌ အထူးဂရုပြုခြင်းဖြင့် အခြား‌သောလုပ်ငန်းများထက်ပို၍ တာဝန်ယူမှုရှိကြောင်း ပြသလျက်ရှိကြသည်။ ၎င်းလုပ်ငန်းများသည် ရေရှည်တည်တံ့သော လုပ်ငန်းတန်ဖိုးများကို ဖန်တီးနိုင်ပြီး လုပ်ငန်းသက်ဆိုင်သူများအား  အကျိုးများစွာဖန်တီးပေးနိုင်မည့် စီးပွားရေးဂေဟစနစ်တစ်ခု တည်ဆောက်နိုင်ရန် ကြိုးစားလုပ်ကိုင်သောကြောင့် ဖြစ်သည်။ ထိုစီးပွားရေးများသည် အကျိုးသက်ဆိုင်သူအားလုံးပါဝင်ပြီး တာဝန်ခံမှု အပြည့်အဝရှိသည့်အပြင် ပွင့်လင်းမြင်သာမှုလည်း ရှိကြသည်။ သို့သော် မျှဝေခံစားနိုင်သည့် တန်ဖိုးများဖန်တီးခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်နိုင် မည်နည်း။ မျှဝေခံစားနိုင်သည့် တန်ဖိုးများဖန်တီးခြင်းဆိုသည်မှာ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အကျိုးအမြတ်များရရှိရေး၊ တိုင်းပြည်အတွက်မျှတသော အခွန်စရိတ်များ ပေးဆောင်နိုင်ရေး၊ မိမိဝန်ထမ်းများအတွက် ကောင်းမွန်သော လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရေး၊ ဖြန့်ဝေသူများ၊ ဒေသခံလူ့အဖွဲ့အစည်းများနှင့် မျှတစွာချိတ်ဆက်ဆွေးနွေးနိုင်ရေး တို့ဖြစ်သည်။ ခိုင်မာ၍သာလွန်ကောင်းမွန်သည့် မြန်မာနိုင်ငံတည်ဆောက်ရာတွင် ရေရှည်တည်တံ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးစနစ်သည် အရေးပါကြောင်း ယုံကြည်ပါသည်။ ထိုသို့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် ကျွန်တော်တို့၏ ကျွမ်းကျင်မှုများနှင့် အထောက်အကူပြုနည်းစနစ်များဖြင့် ပံ့ပိုးပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။

Yever မှ ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုများ