မဟာဗျူဟာ

Yever သည် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အကြံပေးခြင်းများ လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် ရှေ့ဆောင်လမ်းပြကာ ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ရှေ့ဆောင်လမ်းပြခြင်းသည် လိုအပ်သည့် အရာဖြစ်သလို ကျွန်ုပ်တို့အား တွန်းအားပေးသည့် အရာလည်း ဖြစ်သည်။ Yever သည် အောက်တိုဘာ ၂၀၁၈ ခုနှစ်တွင် B Corp အသိအမှတ်ပြုလက်မှတ်ရထားသည့် မြန်မာနိုင်ငံရှိ ပထမဆုံးနှင့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည်။

၂၀၂၀ ခုနစ်တွင် Yever သည် လုပ်ငန်း၏ အဓိက ပတ်သက်ဆက်နွယ်သူများထံမှ အကြံပေးခြင်းနှင့် အမြင်များကို ရယူရန် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့မှသာ အနာဂတ်အား ပုံဖော်နိုင်မည့် အရေးကြီးသည့် ကိစ္စရပ်များအား ဦးစားပေး စီစဥ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Yever အဖွဲ့သားများအနေဖြင့် clientများ၊‌ထောက်ပံ့ပို့ဆောင်သူများ၊ မိတ်ဖက်အဖွဲ့များ၏ ကိုယ်စားပြုသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ အကြံပေးခြင်းနှင့် အမြင်များကို ရယူခဲ့သည်။ ထို့ပြင် ဝန်ထမ်းများ အားလုံးကိုလည်း ‌တွေ့ဆုံမေးမြန်းခဲ့သည်။

ကျွန်ုပ်တို့၏ ပတ်သက်ဆက်နွယ်သူများမှ အမြင်များ၊ အကြံပေးချက်များကို လေ့လာသုံးသပ်ပြီး အရေးကြီးသည့် ကိစ္စရပ် ၁၄ ခုကို သတ်မှတ်ခဲ့သည်။ ထို ၁၄ ချက်ကို အခြေခံ၍ ထောက်တိုင်သုံးခုဖြင့် ပံ့ပိုးပေးထားသော ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲခဲ့သည်။ အလုံးစုံချဉ်းကပ်နည်းကို အောက်တွင် အကျဉ်းချုပ်ဖော်ပြထားသည်။