-
Nicolas Delange
Founder & Managing Partner
Nicolas Delange / Founder & Managing Partner
Nicolas သည် ကုမ္ပဏီတစ်ခုချင်းစီ၏ လိုအပ်ချက်များအလိုက် မတူညီသည့် စီးပွားရေးဆိုင်ရာ ဖြေရှင်းချက်များကို ပံ့ပိုးပေးလျက်ရှိသည့် Yever စီးပွားရေးအကြံပေးကုမ္ပဏီ၏ တည်ထောင်သူနှင့် စီမံခန့်ခွဲမှုဆိုင်ရာမိတ်ဖက်တစ်ဦး ဖြစ်ပါသည်။ Yever ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်မှ စတင်၍ မြန်မာကုမ္ပဏီများ၏ တိုးတက်မြင့်မားရေး၊ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့ရေး တို့အတွက် အဓိကကျသော ကော်ပိုရိတ်ဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိရန် ၎င်းကုမ္ပဏီများရှိခေါင်းဆောင်များ၊ လုပ်ငန်းရှင်များနှင့် အတူတကွပူးပေါင်း လုပ်ဆောင်လျက်ရှိခဲ့သည်။ Yever သည် MCRB မှ နှစ်စဥ်ထုတ်ဝေလျက်ရှိသော ပွင့်သစ်စ အစီရင်ခံစာ၏ မိတ်ဖက်လည်းဖြစ်သည်။ Nicolas သည် IFC တွင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်လျက် မြန်မာနိုင်ငံတွင် ပထမဆုံး ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အမှတ်ပေးဇယားကို SECM၊ DICA၊ YSX တို့နှင့်အတူ ဖော်ဆောင်နိုင်ခဲ့သည်။
Nicolas သည် Yever ကိုတည်ထောင်မှုမစမီ ပါရီမြို့ရှိ EY(Ernst & Young) အကြံပေးအဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ အကြံပေးအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး ပြင်သစ်နိုင်ငံရှိကုမ္ပဏီကြီးများအား ၎င်းတို့၏ မဟာဗျူဟာများတွင် ကော်ပိုရိတ်ဆိုင်ရာ လူမှုရေးတာဝန်များကိုပါ ထည့်သွင်းအကောင်အထည်ဖော်နိုင်ရန် ကူညီခဲ့သည်။ Nicolasသည် ကုမ္ပဏီ များအနေဖြင့် အကျိုးစီးပွားသက်ဆိုင်သူများအား ထိရောက်မှုရှိစွာ ချိတ်ဆက်ဆွေးနွေးနိုင်စေရေး၊ စီးပွားရေးပုံစံ၏ ရေရှည်တည်တံ့ခိုင်မြဲမှု တိုးတက်စေရေးတို့အတွက် အတွေ့အကြုံများစွာရှိသည်သာမက ကော်ပိုရိတ်လူမှုရေးတာဝန်ဆိုင်ရာ သင်တန်းများပေးခြင်း၊ အသိပညာမြှင့်တင်ပေးခြင်းတို့ကိုလည်း ကျွမ်းကျင်သူဖြစ်သည်။ အဓိကအားဖြင့် ဝန်ဆောင်မှုဆိုင်ရာ ဆက်ဆံရေးစီမံခန့်ခွဲမှုနှင့် ဆိုင်သည့် သတင်းအချက်အလက်၊ နည်းပညာပရောဂျက်များကို ဦးဆောင်နိုင်စွမ်းရှိပြီး ဘဏ်များ၏ ကာဗွန်ထုတ်လွှတ်မှုကို ခြေရာခံခြင်း၊ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သည့် ဆက်သွယ်ရေးဆိုင်ရာခေတ်ရေစီးကြောင်းများနှင့် ဘက်ပေါင်းစုံမှအစီရင်ခံခြင်း အစရှိသည့် တီထွင်ဖန်တီးမှုအားကောင်းသော အကြောင်းအရာများ ကို လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ Nicolas အနေဖြင့် (Paris Sorbonne University) ပါရီမြို့ရှိ ဆော်ဘုန်းတက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး အခြေပြုမဟာဘွဲ့၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု နှင့် ဆက်သွယ်ရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ CCI France in Myanmar တွင်ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
-
Vanina Butori
Founder & Managing Partner
Vanina Butori / Founder & Managing Partner
Vanina သည် ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေရေးရာ အကြောင်းအရာများ၊ လူမှုရေး ဆွေးနွေးမှုများ၊ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု၊ လုပ်ခလစာပေးခြင်း၊ လျော်ကြေးနှင့် အကျိုးခံစားခွင့် အစရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲ မှုကိစ္စရပ်များတွင် အတွေ့အကြုံများစွာ ရှိသည်။ ဘဏ်လုပ်ငန်းများ၊ ရေတပ်ကာကွယ်ရေးကဏ္ဍ၌ ရုံးချုပ်တွင်သာမက ဆောက်လုပ်ရေးလုပ်ငန်းခွင်များအထိ ပါဝင်လုပ်ကိုင်ခဲ့ဖူးသည့်အတွက်ကြောင့် အကြီးစားနှင့် အသေးစားအဆင့်ရှိ စီးပွားရေးဆိုင်ရာ ပြဿနာရပ်များကိုမည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို အခိုင်အမာနားလည်သဘောပေါက်သူ တစ်ဦးဖြစ်သည်။ Vanina သည် စက်ရုံများပိတ်သိမ်းခြင်းနှင့် လုပ်အားလျှော့ချခြင်း အစရှိသည့် ဖြစ်ရပ်များ၌ ဝန်ထမ်းမြောက်များစွာပါဝင်သော အသင်းအဖွဲ့များအတွက် ဦးစီးဦးဆောင်ပြုဖြေရှင်းပေးသည့် ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းတွင်လည်း ကျွမ်းကျင်သူဖြစ်သည်။
Vanina သည် အလုပ်သမားဆိုင်ရာဥပဒေ၊ လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နှင့် မနုဿဗေဒဘာသာရပ် များတွင်လည်း မဟာဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။

-
မိုးသိင်္ဂီနွယ်
Senior Consultant
မိုးသိင်္ဂီနွယ် / Senior Consultant
မိုး သည် 2017 ခုနှစ်မှစ၍ Yever တွင် စတင်လုပ်ကိုင်ခဲ့ပြီး အထူးသဖြင့် အစီရင်ခံစာ စီစဉ်ထုတ်လုပ်ခြင်း အတွက် အဓိကလုပ်ကိုင်ခဲ့ပြီး နှစ်ပတ်လည် အစီရင်ခံစာများ၊ ရေရှည်တည်တံ့နိုင်မှု အစီရင်ခံစာများနှင့် ကုမ္ပဏီများအတွက် ကော်ပိုရိတ်ဆက်သွယ်မှုများအတွက် ပါဝင်လုပ်ဆောင်ခဲ့သည်။ Yever ၏ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးသည့် SME ပရောဂျက်အတွက် တာဝန်ယူ လုပ်ကိုင်နေသူ တစ်ယောက်လည်းဖြစ်သည်။ သူမအနေဖြင့် အလားအလာရှိသော အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် အခွင့်အလမ်းများကို ရွေးချယ်ပြီး သက်ဆိုင်ရာ ပရောဂျက်များကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။
သူမသည် Yever ၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် နှင့် ပရောဂျက်များလည်ပတ်မှု စောင့်ကြည့် မှတ်တမ်းတင်သော လုပ်ငန်းစဉ်များအတွက်လည်း လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါသည်။ Yever တွင် စတင်မလုပ်ကိုင်မှီ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် PR Officer အဖြစ် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့သည်။
သူမသည် ဘောလုံးဝါသနာရှင်တစ်ဦးဖြစ်ပြီး ခရီးသွားခြင်းကို စွဲလန်းသူဖြစ်သောကြောင့် သူမ၏ အကြီးမားဆုံး အိပ်မက်မှာ ပွဲစဉ်များကို လူကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး အသစ်အသစ်သောအရာများကို လေ့လာရန် ဖြစ်သည်။
-
မစန္ဒာယော်
Housekeeping
မစန္ဒာယော် / Housekeeping
မစန္ဒာယော်သည် 2019 ခုနှစ်တွင် Yever သို့ ဝင်ရောက်ခဲ့ပြီး ကျွန်ုပ်တို့၏ ရုံးတွင်းသန့်ရှင်း သပ်ရပ်မှုအတွက်တာဝန်ရှိသူဖြစ်သည်။ သူမသည် အလုပ်ကြိုးစားပြီး ကျွန်ုပ်တို့၏ စွန့်ပစ်အမှိုက်များ ပြန်လည်အသုံးပြုသည့်ပုံးများကို စီမံခန့်ခွဲခြင်းနှင့် လျှပ်စစ်နှင့် ရေအသုံးပြုမှုကို ချွေတာခြင်းကဲ့သို့သော ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်ကို သေချာစွာ လိုက်နာကျင့်သုံးပါပါသည်။ သူမသည် အော်ဂဲနစ်အမှိုက်စီမံခန့်ခွဲမှုအကြောင်း လေ့လာခြင်းကို စိတ်ဝင်စားပြီး သစ်ပင်စိုက်ရတာကို နှစ်သက်သူဖြစ်သည်။
-
မှုန်ပီ
Manager of The Lab
မှုန်ပီ / Manager of The Lab
မှုန်ပီသည် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် အသိပညာများ တိုးတက်စေရန် ကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ၅ နှစ်ကျော် လုပ်ငန်းလုပ်ခဲ့သောမှတ်တမ်းရှိသည်။ British Council Myanmar၊ GIZ Myanmar နှင့် International Labour Organization ကဲ့သို့သော နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများအတွက် အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ သူ၏ အသိပညာများကို မျှဝေရန်၊ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော သက်ရောက်မှုများကို ကူညီပေးသည့် လုပ်ငန်းကို ဝါသနာပါသူဖြစ်သည်။
ဘောလုံးနဲ့ ကြက်တောင်ကစားရတာကို နှစ်သက်ပြီး အားလပ်ချိန်မှာ စာအုပ်ဖတ်ရတာကို နှစ်သက်ပါတယ်။ အားလပ်ရက်များတွင် ခြေလျင်တက်ခြင်း၊ တောင်တက်ခြင်းနှင့် မြန်မာ့ကျေးလက်ဒေသကို စူးစမ်းခြင်းကဲ့သို့သော စွန့်စားခရီးသွားလှုပ်ရှားမှုများကို နှစ်သက်သည်။
-
ဇာခြည်သိမ့်
Office Administrator
ဇာခြည်သိမ့် / Office Administrator
ဇာခြည်သိမ့်သည် အလုပ်သင်တစ်ယောက်အဖြစ် Yever သို့ဝင်ရောက်ခဲ့ပြီး အလုပ်သင်အဖြစ် စတင်ခဲ့ပြီး ယခုအခါ ရုံးစီမံခန့်ခွဲရေးမှူး ဖြစ်လာသည်။ သူမ၏ တာဝန်များတွင် ရုံးတွင်းလုပ်ငန်းများ နေ့စဉ် ချောမွေ့စွာ လည်ပတ်စေရန် ရုံးပိုင်းဆိုက်ရာ ဝယ်ယူသုံးစွဲသော ပစ္စည်းများလုံလောက်မှုရှိစေရန် စာရင်းပြုစုခြင်း နှင့် ရုံး စာရွက်စာတန်းများကို ဖိုင်တွဲထိန်းသိမ်းခြင်းများကို လုပ်ဆောင်ရပါသည်။ ထို့အပြင် သူမသည် The Lab ၏အဖွဲ့အား ပံ့ပိုးကူညီပြီး ပါဝင်ပံ့ပိုးပေးနေပြီး အသေးစား အလက်စား လုပ်ငန်းစီမံ့ခန့်ခွဲမှု အကြံပေးလုပ်ငန်းဆောင်တာကိုလည်း လေ့လာ သင်ယူနေပါသည်။
သူမသည် ခရီးသွားခြင်းနှင့် စိမ်းလန်းသောရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းတို့ကို နှစ်သက်ပြီး အသစ်အဆန်းများနှင့် ကွဲပြားသောအရာများကို လေ့လာရန် စိတ်ဝင်စားသည်။
-
ယဥ်မျိုးဝေ
Analyst
ယဥ်မျိုးဝေ / Analyst
ယဥ်မျိုးဝေသည် Yever တွင် လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေးအလေ့အကျင့် ဆိုင်ရာ ပရောဂျက်များအတွက် သတင်းအချက်အလက်များ စေ့စပ်စွာ စုဆောင်းကာ အကဲဖြတ်ပေးသည့် အရည်အချင်းရှိပြီး ကြိုးစားလုပ်ကိုင်သော Junior Analyst တစ်ယောက်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံရှိ စီးပွားရေးတိုးတက်မှုများကို ဆန်းစစ်လေ့လာလိုစိတ်ရှိပြီး ထိုလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲမှုအတွက် ထိရောက်မှုရှိသော ပံ့ပိုးကူညီမှုများပြုလုပ်ရန် ရည်ရွယ်ချက်ရှိပါသည်။
ယဥ်မျိုးဝေသည် ကိုဘစ်ကာလမတိုင်မီက ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာခဲ့ဖူးပြီး စီးပွားရေးလုပ်ငန်းများ အစီအမံချမှတ်ခြင်း နှင့် ခန့်ခွဲခြင်းတို့အပေါ် စိတ်ဝင်စားမှုဖြင့် ACCA မှ Diploma in Accounting and Business ကိုလည်းရရှိထားသည်။ သူမ၏ သုသေသနဆိုင်ရာပရောဂျက်တွင် ပါဝင်လုပ်ဆောင်ခဲ့ခြင်းက စီးပွားဘောဂဗေဒတွင် စိတ်ဝင်စားမှုပိုမိုရှိခဲ့သည်။ သူမသည် လူအများနှင့် တွေ့ဆုံစကားပြောရခြင်းကို နှစ်သက်ပြီး အားလပ်ချိန်များတွင် showsမျိုးစုံကို တစ်ပြိုင်နက်တည်း ကြည့်လေ့ရှိသည်။
-
ဇမ်ကျင့်မန်
Analyst
ဇမ်ကျင့်မန် / Analyst
Zam သည် ရေရှည်တည်တံသော ဖွံဖြိုးတိုးတက်မှု၊ တာဝန်ယူမှု တာဝန်ခံမှုရှိသောစီးပွားရေးဆိုင်ရာ စီမံကိန်းများ နှင့် The Lab ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။
Start-up အတိုင်ပင်ခံအေဂျင်စီနှင့် ဒေသတွင်း လူမှုအကျိုးပြု စီးပွားလုပ်ငန်းများတွင် အလုပ်အတွေ့အကြုံ နှစ်နှစ်ကျော်ရှိခဲ့သော Zamသည် အဖွဲ့၏အောင်မြင်မှုများကို အထောက်အကူပြုရန်အတွက် လိုအပ်သောကျွမ်းကျင်မှုများကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့အပြင်၊ သူသည် အလွတ်တန်း ကြော်ငြာစာရေးသားခြင်းနှင့် လူမှုမီဒီယာစျေးကွက်ရှာဖွေရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ဆောင်ပြီး ပြည်တွင်း SMEs အချို့အား ဝန်ဆောင်မှုများပေးလျက်ရှိသည်။
Zamသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၊ စွန့်ဦးတီထွင်မှုနှင့် တာဝန်သိစီးပွားရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပြီး အားလပ်ချိန်များတွင် သူ၏ အသိပညာနှင့် ဗဟုသုတ များကို သူ၏ YouTube ချန်နယ်ကို အသုံးပြုလျက် မျှဝေတတ်သူဖြစ်သည်။Zam သည် Mandalar University မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ပြုမှုစီမံခန့်ခွဲမှုဘွဲ့ကို ရရှိထားသူဖြစ်ပြီး ခရီးသွားခြင်း၊ ဗီဒီယိုသတင်းဖန်တီးခြင်း နှင့် ပရတိတလုပ်ငန်းများ လုပ်ဆောင်ရသည်ကို ဝါသနာပါ နှစ်သက်သူ ဖြစ်သည်။
-
ဆောင်နှင်းဝေ
Housekeeping
ဆောင်နှင်းဝေ / Housekeeping
ဆောင်းနှင်းဝေသည် ရုံးခန်းနှင့် ရုံးပတ်ဝန်းကျင် အနီးအနား သန့်ရှင်းရေးကို တာဝန်ယူ ဂရုစိုက်ပေးသည့်အပြင် ရုံးပင်များ စိမ်းလန်းစိုပြေစေရန်ကိုလဲ တာဝန်ယူထားပါသည်။ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ကြောင်း သေချာစေခြင်းဖြင့် Yever ၏ အမှိုက်စီမံခန့်ခွဲမှု အစီအစဉ်ကို တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိသည်။
အားလပ်ချိန်များတွင် ဆောင်းနှင်းဝေသည် စာအုပ်ဖတ်ခြင်းကို နှစ်သက်သည်။ သူမသည် အပင်ပြုစုခြင်းနှင့် လက်လုပ်ပစ္စည်းများ ဖန်တီးခြင်းတို့ကို စိတ်ဝင်စားသည်။
-
စည်သူခင်မော်
Driver
စည်သူခင်မော် / Driver
စည်သူခင်မော်သည် လုပ်ဖော်ကိုင်ဖက်များနှင့် ပစ္စည်းများကို သတ်မှတ်ထားသောနေရာများသို့ ကုမ္ပဏီယာဉ်ကိုအသုံးပြု၍ ဘေးကင်းစွာမောင်းနှင်ပို့ဆောင်ပေးရန်နှင့် ရုံးစီမံခန့်ခွဲရေးတာဝန်များကို လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် အတွက်တာဝန်ရှိသူတစ်ဦးဖြစ်ပါသည်။
သူသည် Yeverတွင် အလုပ်စတင်မဝင်ရောက်မီက အိမ်၏စီးပွားရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့ပြီးနောက် ကားအရောင်းအ၀ယ်နှင့် ကုမ္ပဏီနှစ်ခုတွင် ယာဉ်မောင်းအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။
သူသည် ကားမောင်းရသည်ကို စိတ်ဝင်စားသူတစ်ဦးပြီး ပရဟိတလုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ကိုင်ရသည်ကို ကြိုက်နှစ်သက်သူတစ်ဦးလည်း ဖြစ်ပါသည်။ အပန်းဖြေခရီးထွက်ခြင်းကိုလည်း ဝါသနာပါသူတစ်ဦးဖြစ်ပါသည်။
-
လင်းမြတ်
Junior Analyst
လင်းမြတ် / Junior Analyst
လင်းမြတ်သည် ပညာရေးဆိုင်ရာနယ်ပယ်နှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အတွေ့အကြုံများရှိခဲ့သော လူငယ်တစ်ဦးဖြစ်ပါသည်။ သူသည် အဆိုပါနယ်ပယ်များတွင် အဓိကလုပ်ဆောင်ခဲ့ရသော ဒေတာစီမံခန့်ခွဲခြင်းနှင့် Customer ဝန်ဆောင်မှုကဲ့သို့သောကဏ္ဍများတွင် ကျွမ်းကျင်ပါသည်။ လင်းမြတ်သည် Software Engineering နှင့် Data Science ဘာသာရပ်တို့အပေါ် ကျယ်ပြန့်စွာစိတ်ပါဝင်စားမှုကြီးမားပြီး လွတ်လပ်စွာ သင်ယူလျှက်ရှိပါသည်။
လက်ရှိတွင် လင်းမြတ်သည် University of the People တွင် Computer Science ဘွဲ့ကိုသင်ကြားလျှက်ရှိပြီး ထိုမှ စီးပွားရေးနှင့် သင်္ချာဘာသာရပ်တို့ကိုပါ စိတ်အားထက်သန်စွာ သင်ကြားနေပါသည်။ သူသည် 3D Model များရေးစွဲခြင်း၊ ဗိသုကာပညာရပ်၊ Video တည်းဖြတ်ခြင်း၊ ပန်းချီ အစရှိသော ဖန်တီးမှုအသားပေးလုပ်ငန်းဆောင်တာများတွင် ပျော်မွေ့သူတစ်ဦးဖြစ်ပြီး သူ၏နည်းပညာကျွမ်းကျင်မှုတို့ကို အနုပညာဆိုင်ရာဖန်တီးနိုင်မှုများဖြင့် ပေါင်းစပ်နိုင်သည့် စွမ်းရည်တို့ကို ဖော်ပြနေပါသည်။
-
သဲအိဖြူစင်
Junior Analyst
သဲအိဖြူစင် / Junior Analyst
သဲအိဖြူစင် သည် ၂၀၂၄ ခုနှစ်တွင် Yever သို့ Junior Analysis အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးအလေ့အကျင့်များကို မွေးမြူရန်နှင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ရည်ရွယ်သော ပရောဂျက်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သူမသည် နိုင်ငံအတွက် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ကို ဖန်တီးရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်သည်။ သူမအနေဖြင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အကျင့်များသည် ရေရှည်အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည်ဟု ယုံကြည်ပြီး၊ ဤရည်မှန်းချက်အောင်မြင်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ကူညီပေးရန် စိတ်အားထက်သန်လျက်ရှိသည်။
သဲအိဖြူစင်သည် Myanmar Imperial University မှ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ကို ရရှိခဲ့ပါသည်။ သူမသည် အားလပ်ချိန်များတွင် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း နှင့် ခရီးသွားခြင်းတို့ ပြုလုပ်ရသည်ကို နှစ်သက်သူတစ်ဦးဖြစ်သည်။ ဤအတွေ့အကြုံများသည် သူမ၏အတွေးအမြင်များကို ပိုမိုကျယ်ပြန့်စေပြီး သူမ၏ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးကာ၊ ထိုအရည်အချင်းများကို လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်ခဲ့သည်။
-
ခင်ငြိမ်းငြိမ်း
Analyst
ခင်ငြိမ်းငြိမ်း / Analyst
ခင်ငြိမ်းငြိမ်းသည် ၂၀၂၄ ခုနှစ် ပထမ ၄ လပိုင်း အတွင်းက Yever ကို စတင်ဝင်ရောက်ခဲ့သည်။ Yever ၏ အဖွဲ့ဝင် တစ်ဦး မဖြစ်ခင်က သူမသည် ဆက်သွယ်ရေး၊ လေကြောင်း၊ ရုပ်သံလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတို့တွင် လုပ်ကိုင်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်နေစဥ်အတွင်း မွေးမြူရေး ကဏ္ဍတွင် ပဋိဇီဝဆေး သုံးစွဲမှု လျော့ချရေး အတွက် စံပြ ထုတ်ကုန်စျေးကွက်တခုကို FAO နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည်။ သူမသည် စီးပွားရေး လုပ်ငန်းများ၏ လူမှုပတ်ဝန်းကျင် အပေါ် အကျိုးပြုနိုင်စွမ်းကို ယုံကြည်၍ ရေရှည်တည်မြဲသော ချိတ်ဆက်ဘက်စုံ စီးပွားရေးနယ်ပယ် တည်ဆောက်မှုအတွက် အထောက်အကူ အဖြစ် ပါဝင်ရန် စိတ်အားထက်သန်သည်။
သူမသည် ခွေးချစ်တတ်ပြီး golden reteriver သို့မဟုတ် ကိုယ်ထည်ကြီးသော ခွေးအမျိုးအစားများကို ပိုနှစ်သက်သည်။ အပန်းဖြေမှု အတွက် လမ်းလျှောက်ခြင်း၊ တောင်စဥ်ကြောလျှောက်ခြင်း၊ ကားမောင်း၍ ခရီးသွားခြင်းနှင့် စိတ်ဝင်စားဖွယ် စကားဝိုင်းတို့တွင် နားထောင်ရခြင်းကို နှစ်သက်သည်။ လက်ရှိ အချိန်တွင် သူမသည် Yever အဖွဲ့အစည်းနှင့် အဖွဲ့သားများ၏ စိတ်အားထက်သန်မှု၊ ကတိကဝတ်နှင့် ထောက်တည်ထားသော စံတန်ဖိုးတို့ကြောင့် အဖွဲ့ဝင် ဖြစ်ရခြင်း အပေါ် ကျေနပ်နှစ်သိမ့်လျက် ရှိသည်။ သူမသည် ရှေ့ဆက်၍ Yever ၏ တစိတ်တပိုင်း အဖြစ်လည်းကောင်း၊ လူပုဂ္ဂိုလ်တဦး အနေဖြင့် လည်းကောင်း လူမှုပတ်ဝန်းကျင် အတွက် တည်တံ့ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို ဖန်တီးတည်ဆောက် သွားနိုင်ရန် ရည်ရွယ်သည်။
-
နိုင်လင်းသူ
Junior Analyst
နိုင်လင်းသူ / Junior Analyst
နိုင်လင်းသူသည် နည်းပညာနှင့် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများအကြောင်း လေ့လာရန် စိတ်ပါဝင်စားသူ junior analyst တစ်ဦးဖြစ်ပါတယ်။ သူမ၏ တာဝန်ဝတ္တရားမှာ မတူညီသော အဖွဲ့၀င်များနှင့် လက်တွဲအလုပ်လုပ်ပြီး ကုမ္ပဏီ၏ မဟာဗျူဟာပန်းတိုင်များသို့ရောက်ရှိရန် ကူညီပံ့ပိုးပေးရမှာဖြစ်ပါတယ်။
Yever တွင်အလုပ်မ၀င်ခင် သူမသည် ကလေးများကို ကုဒ်ရေးရန်၊ ရုပ်ကြွ 3D ဒီဇိုင်းများဖန်တီးရန်နှင့် ကာတွန်းဖန်တီးရန် အငယ်တန်းနည်းပြအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ သူမသည် Parami University နှင့် Bard College တို့မှလည်း တွဲဖက်ဘွဲ့ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
-
စောကော်မူ
Junior Analyst
စောကော်မူ / Junior Analyst
စောကော်မူသည် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ တက်ကြွလှုပ်ရှားမှုများကို ဦးစားပေးသော လုပ်ငန်းခွင်တွင် အောင်မြင်လိုသူတစ်ဦးဖြစ်ပါသည်။ စောကော်မူသည် ရည်ရှည်တည်တံ့မှုအားဦးစားပေးသော လုပ်ငန်းခွင်တွင် စိတ်ဝင်စားစွာလုပ်ကိုင်လိုသူဖြစ်ပြီး AI Programများကိုလဲ စိတ်ဝင်စားသူတစ်ဦးဖြစ်ပါသည်။ Junior Analyst တစ်ဦးဖြစ်သောကြောင့် ပွင့်လင်းမြင်သာမှုကို တန်ဖိုးထားသူဖြစ်ပြီး လျင်မြန်စွာ သင်ယူတတ်မြောက်လွယ်သူတစ်ဦးလဲဖြစ်ပါသည်။ စောကော်မူသည် နားထောင်မှုအားကောင်းသူတစ်ဦးဖြစ်ပြီး မတူညီသောရှုထောင့်များအား ကိုယ်ပိုင်အသိညဏ်ဖြင့် မှန်ကန်စွာဆုံးဖြတ်နိုင်သူဖြစ်ယုံသာမက သူ၏ အဖွဲ့အစည်းအား ကောင်းမွန်စွာ ပံ့ပိုးနိုင်မည်ဟု ယုံကြည်သူတစ်ဦးလဲ ဖြစ်ပါသည်။