အကောင်အထည်ဖော်ဆောင်ရွက်ချက်များ

Yever သည် science-based target ကို ချမှတ်ပြီး ဖြစ်သည်။

Yever သည် Science Based Targets initiative (SBTi) မှ အတည်ပြုပေးလိုက်ပြီဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးပန်းတိုင်များကို ချမှတ်ထားသည့် မြန်မာနိုင်ငံရှိ ပထမဦးဆုံးသောကုမ္ပဏီဖြစ်လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထိုပန်းတိုင်များကို SBTi မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Science-based targets သည် ပါရီသဘောတူညီချက်၏ ပန်းတိုင်များ – စက်မှုမဖွံ့ဖြိုးမီက ရှိခဲ့သော ပူနွေးမှုအဆင့် အထက်၌ ရှိသည့် ၂°C အောက်တွင် ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ရန်နှင့် ၁.၅ °C အောက် ပူနွေးမှု ကန့်သတ်ခြင်းကို အားထုတ်ကြိုးပမ်းရန် – ကို ပြည့်မှီနိုင်ရန် လိုအပ်သော နောက်ဆုံးပေါ် ရာသီဥတုဆိုင်ရာသိပ္ပံအဆိုနှင့် အညီ သတ်မှတ်ထားသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ပန်းတိုင်များဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာရာသီဥတုအန္တရာယ်ညွှန်းကိန်း ၂၀၂၁ (Global Climate Risk Index 2021 report) အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၀၀-၂၀၁၉ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုဒဏ် အခံရဆုံးနိုင်ငံစာရင်းတွင် ဒုတိယဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုသည် မိုးခေါင်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကဲ့သို့သော ရာသီဥတုဆိုးရွားမှုကြောင့် ဆုံးရှုံးမှု အကြိမ်ရေကို တိုးလာစေနိုင်ပြီး လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် စီးပွားရေးဆုံးရှုံးမှုများကို  ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုကို လျော့နည်းစေနိုင်သည်။

Science-based target ချမှတ်ခြင်းသည် Yever၏ ၂၀၃၀ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ရည်ရွယ်ချက်များ (2030 sustainability goals) အနက်မှ တစ်ခုဖြစ်သည့် အသားတင်အပေါင်းလက္ခဏာဆောင်သော ပတ်ဝန်းကျင်ခြေရာကို ရရှိရန်အတွက် လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီပါသည်။ Yever သည် ၂၀၂၁ ခုနှစ်ကို အခြေခံ၍ ၂၀၃၀တွင် scope 1 နှင့် scope 2 ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်းကို ၄၂% လျှော့ချရန် သတ်မှတ်ထားပြီး scope 3 ဖန်လုံအိမ်ဓာတ်ငွေ့  ထုတ်လွှတ်မှုကို တိုင်းတာလျှော့ချရန် ကတိပြုထားပါသည်။ Science-based targetချမှတ်ထားသည့် ကုမ္ပဏီများစာရင်းတွင် Yeverကို တွေ့ရှိလိုလျှင် ဤလင့်ခ် တွင် ရှာဖွေနိုင်ပါသည်။

ကာဗွန်ထုတ်လွှတ်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘယ်အရာများကို လုပ်ဆောင်နေပါသလဲ။

Yever သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပြဿနာကို ဖြေရှင်းရန်နှင့် ပွင့်လင်းမြင်သာမှု တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သော ကတိကဝတ်များကို ‌ဖော်ပြရန် ၎င်း၏ဝဘ်ဆိုဒ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု (GHG emissions) ကို ဖော်ပြထားသည်။ Yever၏ ၂၀၂၁ ခုနှစ်ရှိ စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ ၂၂.၈၁၇ မက်ထရစ်တန် ဖြစ်သည်။ ၎င်းထုတ်လွှတ်မှုတွင် scope 1 နှင့် scope 2 စုစုပေါင်း ၃၉.၄၃% နှင့် scope 3 ၆၆.၅၇% ပါဝင်သည်။ Yever သည် ထိုနှစ်အတွင်းရှိ ကာဗွန်ထုတ်လွှတ်မှုကို offset လုပ်နိုင်ရန် ၎င်း၏ ကာဗွန် offset အစီအစဉ်မှတဆင့် အမေရိကန်ဒေါ်လာ ၂၀၁၁ ရင်းနှီးမြုပ်နှံခဲ့သည်။ ထို offset အစီအစဥ်၏ ကုမ္ပဏီတွင်း ကာဗွန်စျေးနှုန်း (internal carbon price) ကို တစ်တန်လျှင် အမေရိကန် ‌ဒေါ်လာ ၁၀၀ အဖြစ်သတ်မှတ်ထားသည်။

Yever၏ ကာဗွန် offset အစီအစဉ်ဖြစ်သော အပင်စိုက်ပျိုးရေးစီမံကိန်းကို မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပါသည်။ အပင်စိုက်ပျိုးရေး စီမံကိန်းသည် ကာဗွန်ကို offset လုပ်ရန်အတွက်သာမက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်လည်းရည်ရွယ်သည်။ သို့ဖြစ်၍ ဒေသအတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာစေခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ခြင်း စသည်တို့ကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော အလေ့အကျင့်များကို ဒေသရှိလူမှုအသိုက်အဝန်းသည် သေချာနားလည်ပြီး လိုက်ပါလုပ်ဆောင်စေရန် ၎င်းတို့နှင့်အနီးကပ်လက်တွဲကာ ဆောင်ရွက်နေပါသည်။ ဥပမာ – ကျွန်ုပ်တို့သည် ပလတ်စတစ်အမှိုက် စီမံခန့်ခွဲမှုသင်တန်းကို လုပ်ဆောင်ခဲ့ပါသည်။

Yever အနေဖြင့် scope 1 နှင့် 2 ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးပန်းတိုင်များ အောင်မြင်နိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်နေပါသည်။ သို့ဖြစ်၍ Switch-off policy၊ ရုံးခန်းများရှိ မီးချောင်း၊မီးသီးများကို LEDအဖြစ်သို့ ပြောင်းလဲခြင်းနှင့် ရုံးသုံးအဲကွန်းများ၏အပူချိန်ကို ကန့်သတ်ခြင်းကဲ့သို့သော ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနည်းလမ်းများကို လုပ်ဆောင်ထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးအရင်းအမြစ်ဖြစ်သည့် scope 3 ကို လျှော့ချရန်လည်း ရည်မှန်းထားပါသည်။