အစိမ်းရောင်ဘဏ္ဍာရေး

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ဘဏ်များအနေဖြင့် အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရေးသားထားသည့် အစိမ်းရောင်ဘဏ္ဍာရေး လမ်းညွှန်စာအုပ်အား ဖတ်ရှုနိုင်ပါပြီ။

ဤလမ်းညွှန်စာအုပ်သည် ကိုဗစ်-၁၉ မတိုင်ခင် ADFIAP Project အောက်မှ စတင်ဖော်ဆောင်ခဲ့ပြီး ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ထားသော Prevent Plastics Project ၏ စီစဉ်မှုဖြင့် ထုတ်ဝေခဲ့ပါသည်။ ဤလမ်းညွှန်စာအုပ်ကို Yever မှ ပြန်လည်သုံးသပ်ထားကာ WWF Myanmar မှလည်း ပါဝင်ကူညီပံ့ပိုးပေးထားပါသည်။

ဤလမ်းညွှန်စာအုပ်တွင် အစိမ်းရောင်ဘဏ္ဍာရေးမူဘောင်၏ ပင်မစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် ချေးငွေ အကဲဖြတ်ခြင်းလုပ်ငန်းစဥ် (Loan Evaluation Process) အကြောင်းကို စေ့စပ်စွာ သုံးသပ်ပြထားသည်။ ပြည့်စုံသည့် ချေးငွေအကဲဖြတ်ခြင်း လုပ်ငန်းစဥ်သည် စီမံကိန်းတည်ရှိရာဝန်းကျင်တွင်ရှိသည့် လူ့အဖွဲ့အစည်းအပေါ် စီမံကိန်း၏ သက်ရောက်မှုတို့ကို ဆုံးဖြတ်ပေးသည်။ ထို့နောက် ဘဏ်များအနေဖြင့် အစိမ်းရောင်ဘဏ္ဍာရေးနှင့် သက်ဆိုင်သည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖော်ဆောင်နိုင်ရန် လမ်းညွှန်မှုများလိုအပ်နိုင်သည်။ ထို့ကြောင့် ဤလမ်းညွှန်စာအုပ်တွင် အစိမ်းရောင်ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအား ဖန်တီးနိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (Research and development) အား မည်သို့ လုပ်ဆောင်သင့်ကြောင်းကိုလည်း ဆွေးနွေးထားသည်။

အစိမ်းရောင်ဘဏ္ဍာရေးလမ်းညွှန်

GreenFinance_Report_Single-Page-View

အစိမ်းရောင်ဘဏ္ဍာရေးလမ်းညွှန် – အကျဥ်းချုပ်

GreenFinance_ExecutiveSummary_MM_Single-View_261022

Position Paper: ဘဏ်၏ ဘုတ်အဖွဲ့များအနေဖြင့် သဘာဝပတ်ဝန်းကျင်၊ လူမှုနှင့် စီမံအုပ်ချုပ်မှုကဏ္ဍ (Environmental, Social and Governance) ကို မည်ကဲ့သို့ ချဥ်းကပ်နိုင်သနည်း။

Position-Paper-1_MM_Single-Page-View

Position Paper: အကျိုးသက်ဆိုင်သူများနှင့် ထိတွေ့ဆက်သွယ်ခြင်း (Stakeholder engagement) – အရေးပါသော ကိစ္စများအား အလေးပေးဆောင်ရွက်နိုင်ရန် အရေးကြီးသည့် အတွေးအမြင်များအား ရယူခြင်း။

Position-Paper-2_MM_Single-Page-View